ylliX - Online Advertising Network

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ – iMyanmarHouse.com

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်ရှိ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာတွင် ပေါင် ၃၆၀၀၀ ဖြင့် လေလံပြီးဆုံးသွားခဲ့သည်။ အဆိုပါတွင်းမှာ စစ်အေးခေတ်က အနုမြူစစ်ပွဲကြီးဖြစ်ပါက ရှောင်ပုန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော တွင်းကြီးဖြစ်ပြီး အတွင်းပိုင်းတွင် ရီနေးဆင်းဗိသုကာဟန်မွမ်းမံမှုများ တွေ့ရသည်။ ဗြိတိန်မှ ဒါဘီရှိုင်းယားခရိုင်ရှိ ကွင်းပြင်တစ်ခုထဲတွင် တည်ရှိပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ သာဖြစ်ရာ ဈေးနှုန်း ၂ ဆကျော်ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။ လေလံပွဲနေ့က ဗြိတိန်တဝန်းမှ လေလံဆွဲသူ တစ်ဒါဇင်ကျော် အပြိုင်အဆိုင် ဈေးပေးခဲ့ကြသည်။ ယခင်ပိုင်ရှင်တို့က အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြရာတွင် နံရံပြည့် ကတ္တီပါလိုက်ကာကြီးများ၊ မွှေးပွ ကော်ဇောကြီးများ၊ ရွှေပေါင်ကွပ်အလှဆင်ထားသော မှန်များ အပါအဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ထင်းသုံးမီးလင်းဖိုတစ်ခုရှိရာ တတိယကမ္ဘာစစ်ကြီးဖြစ်ကာ ဆောင်းကာလများတွင် ပုန်းခိုနေထိုင်ရမည်ဆိုပါက အပူဓာတ်ရရန် အသုံးပြုနိုင်မည် ဖြစ်သည်။ ရေချိုးခန်း […]

Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ –

Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဦးငါးမင်းဆွေ အား အမှုထားခြင်းဖြစ်ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ ၎င်းအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးငါးမင်းဆွေက ” ကျွန်တော် နှုတ်ဆက်စကားလေးပေါ့ဗျာ။ ကျွန်တော်ကို အခု ကျိုက်ထိုရဲစခန်းက စခန်းမှူး​က လာခေါ်တယ်ဗျ။ လာခေါ်ရတဲ့အကြောင်းက ရန်ကုန် လှိုင်မြို့နယ်မှာ ကျွန်တော်ကို ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲ့ဒီကိစ္စနဲ့ ကျွန်တော်ကို လာခေါ်တာပေါ့ဗျာ။ ကျွန်တော်ကို ရန်ကုန် ပို့မှာပေါ့။ ၅၀၅(က)နဲ့ […]

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို – iMyanmarHouse.com

မြို့ပြလူနေမှုတွင် အသက်ပင် ဝဝရှူမရသည့် အခန်းကျဉ်းကလေးများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း ဈေးနှုန်းမှာ ခေါင်ခိုက်နေပြီး အိမ်ငှားဈေးကွက်မှာ ရက်စက်လွန်းလှသည်။ ထိုအခြေအနေထက် ပိုမိုကျပ်တည်းစွာ လှေကားခွင်အောက်တွင် နေထိုင်ရမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ အမေရိကန်ပြည်၊ San Jose သည် ကမ္ဘာ့နည်းပညာဗဟိုချက်ဟုဆိုနိုင်သော Silicon Valley တည်ရှိသည့်နေရာဖြစ်ကာ အိမ်ခြံမြေအလွန်ဈေးကြီးသည်။ ယခုအခါ San Jose မှ အမျိုးသားတစ်ဦးက သူ၏ အိမ်ခန်းမှ လှေကားခွင်နေရာကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် CraigsList အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာသည်။ အကျယ်အဝန်းမှာ ၃ ပေ×၁၀ ပေသာရှိပြီး လက်ရှိအားဖြင့် အကာအရံ တံခါးမျိုး မရှိ။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်မှာ ယာယီအကာအရံတစ်ခုခုဖြင့် ကာနိုင်ကြောင်းဖော်ပြထားရာ privacy အပြည့်အဝ ရရှိမည်ကား မဟုတ်ချေ။ ငှားရမ်းမည့် […]