သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများကို ရိတ်သိမ်းယူဆောင်သွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီပင်လောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေအများကြီးပဲ စပါးတွေစိုက်ပြီး ပြန်ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ကာလကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက အခွင့်ကောင်းယူပြီး ရှိသမျှစပါးခြံတွေကို ရိတ်သိမ်းသွားကြတယ်။ ကျမတို့ ပြန်လာရမှာတောင် ကြောက်နေတယ်”ဟု ၎င်းက ပြောသည်။ ပင်လောင်းစစ်ရှောင်များပုံ ထို့ပြင် ကရင်နီပြည်အတွင်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် တပိုင်တနိုင် […]