ylliX - Online Advertising Network

ဖုန်းဆိုင်ကို လုယက်ခဲ့တဲ့ တရားခံအမျိုးသားလေးဦးကို လက်နက်နှင့်အတူ အသေဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ကာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားလေးဦးကို သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ဟု နစကထုတ်ပြန်သောသတင်းအရ သိရသည်။ အဆိုပါဖြစ်စဥ်သည် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသေနတ်သမားများက ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ (၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ CRD/ Source link

တည်းခိုခန်းမှာ အတူတည်းခိုနေတဲ့အမျိုးသားကသတ်လို့ အမျိုးသမီးသေဆုံး –  PCT NEWS HOMEPAGE

စုံတွဲတစ်တွဲဟာ တည်းခိုခန်းမှာ အတူတည်းခိုနေစဥ် အမျိုးသားဖြစ်သူကသတ်လို့ အမျိုးသမီးသေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ရန်ကုန်မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ ​မြောက်ဥက္ကလာပမြို့နယ်၊(င) ရပ်ကွက်၊ ဘုရင့်​နောင်လမ်း၊အမှတ် (၁၆၆) မှာရှိတဲ့ New Luck တည်းခိုခန်းမှာ ဒီကနေ့ နိုဝင်ဘာလ ၉ ရက်၊ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အသတ်ခံရသူက အသက် ၄၀ နှစ်အရွယ် ဒေါ်​အေး​အေး​အောင် ဆိုသူဖြစ်တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၃ ရက်ခန့်ကတည်းက အဲဒီတည်းခိုခန်းရဲ့ အခန်းအမှတ် (၁၀၄) မှာ အသက် ၂၈ နှစ်အရွယ် ရဲရင့်အောင်ဆိုသူနဲ့အတူ လာရောက်တည်းခိုနေတာလို့ သိရပါတယ်။ လက်ရှိမှာ သတ်ဖြတ်သွားတဲ့ […]

နိုဝင်ဘာလ ၆ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၅ ရက်နေ့ ၁၈၅၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ မြရတနာရပ်ကွက်တွင် နေထိုင်သော ဒေါ်ခင်မြင့်(၇၀)နှစ်နှင့် မြေးဖြစ်သူ မလဲ့လဲ့စံ(၁၇)နှစ်တို့သည် ၎င်းတို့ နေအိမ်၌ ရှိနေစဉ် […] Source link

အောက်တိုဘာ ၂၅ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၂၄ ရက် ၀၉၀၀ နာရီတွင် မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာနေ ဒေါ်ပြုံးကြည်(၅၆)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၆ ဦးမှ […] Source link

မြောင်းထဲဆင်းပြီး ပလုံကောက်နေတဲ့ ဇနီးဖြစ်သူ ဓာတ်လိုက်နေလို့ ဆင်းကယ်တဲ့ ခင်ပွန်းဖြစ်သူ ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရေမြောင်းထဲဆင်းပြီး ပလုံကောက်သည့် ဇနီးဖြစ်သူ ဓာတ်လိုက်နေခြင်းကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူအမျိုးသားက ဆင်းကယ်ရာမှ ၎င်းအမျိုးသား ဓာတ်လိုက်သေဆုံးသွားခဲ့သည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ ယင်းဖြစ်စဥ်သည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းရှိ ရေမြောင်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းရေမြောင်းအတွင်းသို့ ဓာတ်ကြိုးလျော့ကျနေသည်ကိုမသိဘဲ ပလုံဆင်းကောက်ကြရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဖြစ်စဥ်ကြောင့် သေဆုံးသွားသူ အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ဇနီးဖြစ်သူနှင့်အတူ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်းနှင့် သေဆုံးသူ၏ရုပ်အလောင်းအား အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသလို ကျန်ရစ်သူများအတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က အလှူငွေ ၂ သိန်းကျပ် လှူဒါန်းပေးခဲ့သည်ဟု သိရသည်။ Related Source link

လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက် ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ လေဖိအားနည်းဆဲလ်သည် ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတိုတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၂၁ ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုသို ရောက်ရှိလာမှုကြောင့် ယနေ့ အောက်တို ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေ ပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ […]