ylliX - Online Advertising Network

အကျယ် ၃ ပေသာရှိသော ကမ္ဘာ့အကျဉ်းမြောင်းဆုံးအိမ်ကလေး ယနေ့ခေတ်တွင် အိမ်တစ်လုံးပိုင်ဆိုင်ရေးမှာ အပြင်းအထန်ကြိုးစားရန် လိုအပ်မည် ဖြစ်သည်။ – iMyanmarHouse.com

အိမ်တစ်လုံးပိုင်ဆိုင်ရန်ခက်ခဲသော ယနေ့ခေတ်တွင် ကျဉ်းမြောင်းလှသောအိမ်တစ်လုံးပင်ဖြစ်စေကာမူ သင့်အနေဖြင့် ပိုင်ဆိုင်လိုစိတ်ရှိမည်သာ ဖြစ်သည်။ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် Keret House ဟုအမည်ပေးထားသော အိမ်တစ်လုံးမှာ အကျဉ်းဆုံးနေရာတွင် ၉၂ စင်တီမီတာ (၃ ဒသမ ၀၂ ပေ) သာရှိပြီး အကျယ်ဆုံးနေရာမှာ ၁၅၂ စင်တီမီတာ (၄ ဒသမ ၉၉ ပေ) သာရှိသည်။ ဗိသုကာပညာရှင် Jakub Szczesny က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အမြဲနေထိုင်ရန် နေအိမ်အဖြစ် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ခရီးသွားများအတွက် ယာယီတည်းခိုရာနေရာအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကျဉ်းမြောင်းလှသောအိမ်လေးတွင် ပထမဆုံး စတင်တည်းခိုနေထိုင်ခဲ့သူမှာ စာရေးဆရာ Etgar Keret ဖြစ်ပြီး ၎င်းကို အစွဲပြုကာ Keret House ဟု အမည်ပေးခဲ့သည်။ Jakub က […]

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို – iMyanmarHouse.com

မြို့ပြလူနေမှုတွင် အသက်ပင် ဝဝရှူမရသည့် အခန်းကျဉ်းကလေးများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း ဈေးနှုန်းမှာ ခေါင်ခိုက်နေပြီး အိမ်ငှားဈေးကွက်မှာ ရက်စက်လွန်းလှသည်။ ထိုအခြေအနေထက် ပိုမိုကျပ်တည်းစွာ လှေကားခွင်အောက်တွင် နေထိုင်ရမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ အမေရိကန်ပြည်၊ San Jose သည် ကမ္ဘာ့နည်းပညာဗဟိုချက်ဟုဆိုနိုင်သော Silicon Valley တည်ရှိသည့်နေရာဖြစ်ကာ အိမ်ခြံမြေအလွန်ဈေးကြီးသည်။ ယခုအခါ San Jose မှ အမျိုးသားတစ်ဦးက သူ၏ အိမ်ခန်းမှ လှေကားခွင်နေရာကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် CraigsList အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာသည်။ အကျယ်အဝန်းမှာ ၃ ပေ×၁၀ ပေသာရှိပြီး လက်ရှိအားဖြင့် အကာအရံ တံခါးမျိုး မရှိ။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်မှာ ယာယီအကာအရံတစ်ခုခုဖြင့် ကာနိုင်ကြောင်းဖော်ပြထားရာ privacy အပြည့်အဝ ရရှိမည်ကား မဟုတ်ချေ။ ငှားရမ်းမည့် […]