ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားအများစု အပါအဝင် အကျဉ်းသား ၃၀၀ ကျော် အောက်တိုဘာ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်ထောင်သို့ ရောက်ရှိလာပြီး စားသောက်ရေး ခက်ခဲနေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။ အောက်တိုဘာ ၈ ရက်နေ့ညက စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ နီးပါးကို ပုသိမ်၊ ရန်ကုန်၊ သာယာဝတီရှိ ထောင်များသို့ စစ်ရေယာဉ်များဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု စစ်တွေ ဒေသခံများ နှင့် အကျဉ်းသားမိသားစုဝင်များက ဆိုကြသည်။ ထိုအထဲတွင် မေလက အစုလိုက်အပြုံလိုက်ဖမ်းဆီးခံခဲ့ကြရသည့် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ ရွာသား ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။ PPNM ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပုသိမ်ထောင်သို့ ၃၅၁ ဦး ရောက်ရှိသည်ဟု ဆိုသည်။ […]