အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်သည် ၎င်း၏ သမိုင်းကို ရိုင်းစေခဲ့ပြီနိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၄ ဂျိုကိုဝီဒိုဒိုသည် ဆင်းရဲသားရပ်ကွက်တစ်ခုမှ သမ္မတရာထူးအထိ တက်လာခဲ့သည်။ သို့သော် ၎င်း၏ရာထူးသက်တမ်းကုန်ဆုံးပြီးနောက် ၎င်းကိုယ်တိုင် နိုင်ငံရေးမင်းဆက်ကို ထူထောင်ရန် ကြိုးပမ်းခြင်းဖြင့် ဒီမိုကရေစီကို ထိခိုက်စေသည်ဟု စွပ်စွဲခံနေရသည်။ Sui-Lee Wee မှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ Newyork Times သတင်းစာအတွက် သတင်းပေးပို့သည်။ “အရေးပေါ်သတိပေးချက်” ဟူသော တိုက်ပွဲခေါ်သံများသည် သြဂုတ်လတွင် အင်ဒိုနီးရှားတွင် ဆန္ဒပြသူများကို လှုပ်နိူးလိုက်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း 30 ခန့်ကတည်းကအာဏာရှင်စနစ်မှ လွတ်မြောက်ခဲ့သော ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကို ကာကွယ်ကြရန် ကြွေးကြော်သံတစ်ခုဖြစ်သည်။ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် လမ်းများပေါ်ထွက်ခဲ့ကြသည်။ အချို့က ဒေါသတကြီးဖြင့် လွှတ်တော်ဂိတ်များကို ထိုးဖောက်ဝင်ရောက်လာကြသည်။ သူတို့မြင်တဲ့အတိုင်း အန္တာ့ရယ်ကိုယ်တိုင်က […]