ylliX - Online Advertising Network

KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို – Kachin News Group (KNG)

ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့ရှိ နယ်စပ် မြို့၊ ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါ မြို့ အပြင် နယ်ခြားစောင့်တပ် ဌာနချုပ် ၁၀၀၂ အခြေစိုက်ခဲ့တဲ့ လုပီ၊ ၁၀၀၃ အခြေစိုက် စစ်ကြိုင် ကျေးရွာတွေဟာ KIO ထိန်းချုပ်နယ်မြေ ဖြစ်လာခဲ့ပြီး […]

တရုတ်ဖိအားကြားမှ ပန်ဝါမြို့ကို သိမ်းပိုက်၊ ကန်ပိုင်တည်ကို ဆက်လက်ဦးတည် – THE 74 MEDIA

(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ ကချင်အထူး‌ဒေသ (၁) နယ်ခြားစောင့်တပ်ရဲ့ဌာနချုပ်ဖြစ်တဲ့ ပန်ဝါမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်ရှိနေသေးတဲ့ နယ်ခြားစောင့်တပ်ကြီးစိုးနေတဲ့ ကန်ပိုင်တည်ဒေသက တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး ကချင်ပြည်နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။   Post navigation Source link

ပန်ဝါရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA အပြီးသတ်သိမ်းပိုက် – THE 74 MEDIA

လုပိကျေးရွာရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် (၁၀၀၂) ကို KIA ပူးပေါင်းတပ်က ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး၏ရုပ်အလောင်း၊ လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းပြည်သူ့စစ်နယ်မြေ ကချင်အထူးဒေသ (၁) ရှိ ချီဖွေမြို့နှင့် ဆော့လော်မြို့တို့ကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ Post navigation Source link