ylliX - Online Advertising Network

ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ညောင်ခါးရှည်မှာ ပြန်‌တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွား

လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမ‌တွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေပြော ၃ဝ.၁ဝ.၂ဝ၂၄Written by K Pyay Thein ဒီကနေ့ နံနက်အ‌စောပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးကို ညောင်ခါးရှည်မှာပြန်‌တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွားခဲ့တယ်လို့ ကလေးငယ်ရဲ့မိဘတွေထံကနေ သိရပြီး လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမ‌တွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ “အခုရေးနေကြတာ ကလေးကိုပြန်တွေ့တယ်ဆိုတာမဟုတ်ပါဘူး။ သူတို့ရေးနေတာတွေက မဟုတ်ပါဘူး။ကလေးကိုရှာတုန်းပါ။ အစတုန်းက သူတို့က ကလေးကို ညောင်ခါးရှည်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်လာလို့ အဲ့ဒီကိုလိုက်မလို့မေးကြည့်တုန်း တစ်ဖက်ကလူတွေက သူတို့ကို ငွေတစ်သိန်းအရင်လွှဲပေးပါဆိုလို့ ကျွန်တော်တို့လည်းထူပူပြီး ငွေသုံးသောင်းပဲ သူ့ဆီအရင်လွှဲလိုက်ပါတယ်။ ဖုန်းဆက်ပြီးငွေလိမ်တာပါ။ ကလေးကိုတွေ့လို့မဟုတ်ပါဘူး။ အဲ့ဒီ လွှဲလိုက်တဲ့သုံးသောင်းကတော့ သူတို့ဆီပါသွားပါတယ်။ အခုကျွန်တော်တို့ သတင်းရလို့ အောင်မင်္ဂလာက […]