ylliX - Online Advertising Network

Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ –

Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဦးငါးမင်းဆွေ အား အမှုထားခြင်းဖြစ်ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ ၎င်းအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးငါးမင်းဆွေက ” ကျွန်တော် နှုတ်ဆက်စကားလေးပေါ့ဗျာ။ ကျွန်တော်ကို အခု ကျိုက်ထိုရဲစခန်းက စခန်းမှူး​က လာခေါ်တယ်ဗျ။ လာခေါ်ရတဲ့အကြောင်းက ရန်ကုန် လှိုင်မြို့နယ်မှာ ကျွန်တော်ကို ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲ့ဒီကိစ္စနဲ့ ကျွန်တော်ကို လာခေါ်တာပေါ့ဗျာ။ ကျွန်တော်ကို ရန်ကုန် ပို့မှာပေါ့။ ၅၀၅(က)နဲ့ […]

ဗိုလ်ချုပ်သန်းရွှေ သမက်ဖြစ်သူကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့်

(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ဗိုလ်ချုပ်သန်းရွှေ သမက်ဖြစ်သူကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၁၉၉၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို စစ်တပ်အင်အားကို အသုံးပြုပြီး အာဏာရှင်တယောက်အနေနဲ့ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဗိုလ်ချုပ်သန်းရွှေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး ခန့်အပ်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ရက်အနည်းငယ် အကြာမှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က သာမက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အီလက်ထရွန်းနစ် အက်ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။  ဒေါက်တာ နေစိုးမောင်ဟာ စစ်ဘက်ဆရာဝန်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ် […]