ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့ (အောက်တို ဘာ ၂၂) နံနက် ၁၁ နာရီခွဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်နေသည့် ပုံမှန်အစည်းအဝေး တစ်ခု ကျင်းပနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစည်းအဝေးဖျက်သိမ်းကာ လူစုခွဲခဲ့ကြောင်း KNU တပ်မဟာ (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် နယ်မြေ တိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး လူအထိအခိုက်မရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦး ကလည်း အတည်ပြုသည်။ “ဒီနေ့ ၁၁ နာရီခွဲမှာ ဖြစ်တာပါ။ ဒီနေ့ […]