ylliX - Online Advertising Network

ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ်

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ် ကမ္ဘာ့နေရာ အချို့မှာလည်း ဒေသတွင်းစစ်ပွဲတွေက တဆင့် ကမ္ဘာစစ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ စစ်ပွဲဖြစ်လာရင် ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ အစီအစဥ်တွေ ကြိုတင်ပြင်ဆင်နေကြတဲ့အထိ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာစစ်နုတ်ခမ်းကို ပထမဆုံးအကြိမ် လျှောက်လှမ်းနေကြတဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ လက်နက်တွေ စစ်သည်တွေ ရွှေ့ပြောင်းနေရာချတာမျိုး အဆင့်မဟုတ်ပေမယ့် ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စဥ်းစားမှု၊ ဖြစ်လာခဲ့ရင် ဘယ်လို အစီအစဥ်တွေ ချမှတ်ကြမလဲဆိုတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးချမှတ်တဲ့ နိုင်ငံတွေ အနောက်ဥရောပမှာ ရှိလာနေတာ ကြားနေရတာ ဖြစ်ပါတယ်။  ယူကရိန်း-ရုရှားစစ်ပွဲက ဥရောပကို စစ်မီးတောက် ပျံ့နှံ့စေမလား ၊ နောက် စစ်မီးပြန့်နှံ့နိုင်စေတဲ့ နေရာတနေရာဖြစ်တဲ့ အရှေ့အလယ်ပိုင်း […]

ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး

(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး  ပြည်တွင်းစစ် ဖြစ်ပွားလာတာ ၃ နှစ်နီးပါးရောက်ရှိလာသလို ယခု ၂၀၂၄ ခုနှစ်ထဲမှာ စစ်ပွဲရဲ့ အရှိန်အဟုန် ဖြစ်ပွားတဲ့နေရာ အကျယ်အဝန်း၊ လူထိခိုက်မှု အရေအတွက်၊ မြို့တွေက နေအိမ် အဆောက်အဦ ပျက်စီးမှုတွေက လက်ရှိ အချိန်အထိ အမြင့်ဆုံး အဆင့်ကိုရောက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။ သေဆုံးမှုတွေ မှာ ၁၀ ဂဏန်းအောက်ရှိတဲ့ အရေအတွက်တွေက သတင်းမဖြစ်ဘူးလို့ ဆိုရလောက်အောင် ဂရုပြုစရာ ကိန်းဂဏန်းတွေ မဟုတ်ကြတော့ပါဘူး။ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်း၊ တိုက်ပွဲအတွင်း သေဆုံးတဲ့ အရေအတွက်၊ မြို့ရွာ ပျက်စီးဆုံးရှုံးခြင်း စတဲ့ အရာတွေက နိုင်ငံရဲ့ နေရာအတော်များများမှာ နေ့စဥ်ဖြစ်နေကျ […]