ခရီးသွားလို့ ရမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ခရီးသွား လာခြင်းကြောင့် ဒေသန္တရ ဗဟုသုတရစေသလို စိတ်လက်အပန်းပြေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ သဘာဝကြီးနဲ့ ထိတွေ့ရလို့ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝအမောတွေကနေလည်း သက်သာရာ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခရီးသွားတော့မယ်ဆိုရင် အရေးပေါ် သယ်သွားသင့်တဲ့ ပစ္စည်း လေးတွေတော့ မပါလို့ မဖြစ်ပါဘူး။ (၁) အားသွင်းသုံးနိုင်တဲ့ဓါတ်မီး Photo : The New York Times လျှပ်စစ်မီးမရတဲ့ နေရာလည်း ခရီးသွားနိုင်တာပါပဲ။ ဒီလို အခြေအနေမျိုးတွေမှာဆို ဓါတ်မီးတစ်လက်ကတော့ မပါမဖြစ်ပါဘဲ။ ဓါတ်မီးကိုလည်း Solar Panel နဲ့ အားသွင်းပေါက် Charging Port ပါတဲ့ ဓါတ်မီးမျိုး ဝယ်ထားသင့်ပါတယ်။ (၂) Multipurpose Tool Photo : […]
အိမ်မှာ သောက်ပြီးသား ဝိုင်ပုလင်းအခွံ တွေရှိရင် အလွယ်တကူ မပစ်လိုက်ပါနဲ့။ ကွီးတို့ ကိုယ်တိုင်လက်လုပ် အမိုက်စား ပစ္စည်းလေးတွေ ဖန်တီးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိုင်ပုလင်းအခွံတွေနဲ့ ပစ္စည်း အမိုက်စားလေးတွေ ဖန်တီးလို့ရမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ DIY နည်းလမ်းလေးတွေကို ပြောပြပါမယ်။ (၁) ဝိုင်ပုလင်း မီးဆိုင်း Photo : The Spruce Crafts ဝိုင်ပုလင်းအခွံ တွေကို သေချာဖြတ်တောက်ပြီး ချိတ်ဆွဲလို့ရမယ့် အလှဆင်မီးဆိုင်းလေးတွေ ဖန်တီးလို့ ရပါတယ်။ (၂) အလှပန်းအိုး Photo : The Spruce Crafts ဒါလေးကတော့ ဝိုင်ပုလင်းအခွံ တွေနဲ့ ဖန်တီးနိုင်မယ့် အလှပန်းအိုးတွေပါ။ ဝိုင်ပုလင်းပေါ်မှာ စိတ်ကြိုက်အရောင်ခြယ်တာ ၊ အလှဆင်တာတွေ ကွီးတို့ စိတ်ကူးရှိသလို ပုံဖော်ဖန်တီးနိုင်ပါတယ်။ […]