ylliX - Online Advertising Network

ပင်လယ်ရေ တကယ်ခန်း

အင်းတော်ကြီးရေစပ်မှ ကြည့်လျှင် ရေလယ်ရှိ ရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာ ရှိဆဲ၊ ကြည်ညိုစွာ ဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းကီလိုမီတာ ၂၆၀ ခန့်ကျယ်သဖြင့် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန် စာရင်းဝင်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်း ကောစပြုလာနေသည်။ ကောရခြင်း အကြောင်းရင်းများအနက် စတုရန်းကီလိုမီတာ ၈၅၀ ခန့်ကျယ်သည့် အင်းတော်ကြီး ရေဝေဒေသရှိ သစ်တောများ ပြုန်းတီးကာ မြေပြိုလာသဖြင့် မြေစာများ အင်းထဲသို့ ဝင်ရောက် အနည်ထိုင်ခြင်းက တစ်ကြောင်းဖြစ်သည်။ တောင်ပြို မြေပြိုမှု များလွန်းသဖြင့် “အင်းထဲသို့ တောင်လိုက်ကြီး ပစ်ထည့်နေသည်နှင့် တူသည်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ရွှေလုပ်ကွက်များမှ နုန်းအနည်များ အင်းတော်ကြီးထဲသို့ စီးဝင်နေပုံ […]