၂၉ နှစ်အရွယ် ထားဝယ်သားကိုဖြိုးသည် သူဆန့်ကျင်သည့် စစ်ကောင်စီတပ်ထဲတွင် တပ်သားဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမှပင် မတွေးမိခဲ့။ ၂၀၂၁ ဖေဖော်ဝါရီလက အရပ်သားအစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခြင်း၊ ဆန့်ကျင်သူများကို ရက်ရက်စက်စက်သတ်ဖြတ် နှိမ်နှင်းခြင်း၊ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားခြင်း စသည့် စစ်တပ်၏ လုပ်ရပ်တို့ကို လမ်းပေါ်ထွက် ဆန့်ကျင်သူများထဲတွင် ကိုဖြိုးလည်း အပါအဝင်ဖြစ်သည်။ အာဏာသိမ်းပြီး သုံးနှစ်ခွဲခန့်အကြာ ၂၀၂၄ ဇူလိုင်လတွင် နိုင်ငံတောင်ပိုင်း ထားဝယ်မြို့သား ကိုဖြိုးသည် တချိန်က ကိုယ်ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အာဏာသိမ်းစစ်တပ်တွင် တပ်သားသစ်တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားမဝင်နေထိုင်စဉ် ဖမ်းဆီးခံရပြီး မြန်မာပြည်ဘက်သို့ လွှဲပြောင်းခံကြရသည့် ကိုဖြိုးနှင့် အခြား အမျိုးသားအများအပြားကို စစ်တပ်က ထပ်မံထိန်းသိမ်းပြီး စစ်သားသစ်အဖြစ် အလွယ်တကူ စုဆောင်းလိုက်လေသည်။ နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသဖြင့် လူအင်အားလိုနေသည့် စစ်ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ […]