ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကိုပြောပါတယ်။ လောလောဆည်မှာKIA က ပန်ဝါမြို့ကို အုပ်ချုပ်မှုယန္တရားတွေ လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင်ပြည်နယ်အရှေ့ပိုင်း ချီဖွေ၊ ဆော့လော်မြို့နယ်တွေကို စက်တင်ဘာလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီလအတွင်းမှာပဲ ချီဖွေ၊ဆော့လော်နဲ့ ပန်ဝါမြို့အပါအဝင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂နဲ့ ၁၀၀၃ တို့ကို သိမ်းယူခဲ့တာပါ။ ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အရှေ့ပိုင်း တရုတ်မြန်မာနယ်စပ်က ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုးမောက်မြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၈ရက်နေ့ မနက်ပိုင်းကနေ စလို့ […]