အောက်တိုဘာ ၂၈ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားများကို ဖမ်းသွားသည်ဟု ဒေသခံတို့က ပြောပြီး စီးနင်းသူများကို ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။ နံနက် ၅ နာရီခန့်က မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မင်းတပ်-ပခုက္ကူလမ်းဘေးရှိ ဒီးဒုတ်ကွင်းရွာ အနီး စစ်ရှောင်စခန်းကို အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) တို့က ပစ်ခတ်စီးနင်းခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ရွာသား ၂ ဦးကို ပစ်သတ်သွားသည်၊ ဆရာတော်တစ်ပါးအဝင် လူ ၁၈ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု စစ်ရှောင်အရေးကူညီနေသူနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။ မှန်တောင်ကွင်း […]