Art by Than Htay Maung မဲဆောက်မှာမိုးတွေရွာရင် နွေဦးကြယ် (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄ ရေခဲတောင်တွေ ပင်လယ်ထဲမျောပါစီးဆင်းနေသလို တိမ်ညိုတိမ်မည်းတွေ မုတ်သုန်လေထဲမျောပါစီးဆင်းနေတာမြင်ရရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာကို မဲဆောက်ကသိပါတယ်။ မဲဆောက်ကိုသားသည်မိခင်တစ်ဦးလိုဝန်းရံထားတဲ့ ဟိုမဝေးမနီးကတောင်တန်းပြာပြာကြီးတွေမှာ မှိုင်းပြာမြူငွေ့တွေထွေးပွေ့အုံ့ဆိုင်းလို့ မြင်ရသူရင်ထဲမှာလှိုင်းထ မျက်ရေတပေါက်ပေါက်ကျခါနီးရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ ဟိုးအဝေးမှာမြင်နေရတဲ့ ဒေါနတောင်တန်းကြီးတွေအပေါ် ပျော်တတ်တဲ့ငှက်ကလေးတွေ လေအဟုန်ကိုခိုစီး အရေးတကြီးပျံသန်း သူတို့ရဲ့လမ်းမှာ မှိုင်းပြာမှုန်ဝေ သောကတွေနဲ့လှုပ်ရှား ရပ်နားစခန်းကိုရှာဖွေနေကြပြီဆိုရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ သောင်ရင်းမြစ်ထဲကရေတွေ ဠာနာဂီရိဆင်အရက်မူးသလို ကမ်းနှစ်ဘက်ကိုရိုက်ခတ် ကမ်းစပ်ကရေလှိုင်းကလေးတွေခုန်ပေါက် ခိုးကူးလှေကလေးတွေမြောက် မြောက်တက်သွားရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ မြန်မာပြည်နှာခေါင်းပေါက်နဲ့ ထိုင်းနှာခေါင်းပေါက်တွေကို ဂျက်ပင်လိုလှမ်းထိုးထားတဲ့ မြဝတီတံတားအပေါ်မှာ အအေးဓါတ်ပါတဲ့လေနုအေးကလေးတွေ တိုးဝှေ့ပြေးလွှားလာပြီဆိုရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ မဲဆောက်မှာမိုးတွေရွာရင် ရင်ခွင်မဲ့ကလေးလေးတွေ နွေးထွေးတဲ့နှလုံးသားတွေကိုမှန်း နှုတ်ခမ်းမှာအပြုံးတွေခမ်းလို့ […]