“သုံးပတ်ဆက် ကျဆင်းတဲ့ စက်သုံးဆီဈေး” နိုဝင်ဘာ ပထမပတ်အတွင်း ဒီဇယ်ဈေးတွေ တက်ခဲ့တာရှိပေမဲ့ ကျန်နှစ်ပတ်လုံး ဆက်တိုက်ကျဆင်းပါတယ်။ အောက်တိန်းဆီဈေးနှုန်းတွေကတော့ သုံးပတ်ဆက်ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းရောင်းပေးမယ်လို့ ဆိုခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၂၁ ရက် ကြာသပတေးနေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် အရင်ပတ်ကလို သောကြာနေ့မှာပဲ အောက်တိန်းဈေးနှုန်းတွေ တစ်လီတာကို ၅၀ နဲ့ ၅၅ ကျပ်စီ ထပ်မံကျဆင်းခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာ ၄၅ ကျပ်နဲ့ ၅၅ ကျပ်စီ အသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့ […]
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ထားဝယ်မြို့မှာ အသက်ကြီးပိုင်းအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ထားဝယ်မြို့မှာ ကလေးတွေ ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များနေတာ လောင်းလုံးမြို့နယ်က ကျေးရွာ ၇ ရွာလောက်မှာ စစ်ရဟတ်ယာဉ်တွေလာဝဲနေလို့ ဒေသခံတွေစိုးရိမ်နေတဲ့အခြေအနေ ပုလောမြို့နယ် ဇရပ်ဆိပ်ရွာမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အကြောင်း ကမြောကင်းတံတားအနီးက ယာဉ်တိုက်မှုမှာ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တာ ဘုရားသုံးဆူမြို့မှာ ဝန်ထမ်းမိသားစုဝင်သုံးဦး ဖမ်းဆီး အသတ်ခံလိုက်ရတဲ့အကြောင်း အဏုမြူလက်နက်ပိုင်တဲ့နိုင်ငံတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တရုတ်က တိုက်တွန်းလိုက်တာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link
ဘင်္ဂလားပင်လယ်အော် အနောက်ဘက် အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာကျွန်းဘက်ကို ဆက်လက်ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာပြည်ဘက်ကို သက်ရောက်နိုင်ချေ မရှိဘူးလို့ ယမန်နေ့ ညပိုင်းခန့်မှန်းထားချက်အရ သိရပါတယ်။ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ Source link
(၁)စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်အပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့သတင်း (၂)ရန်ကုန်က ကျေးရွာတွေ ရှစ်လလောက်ကြာတဲ့အထိ နေ့ဘက် မီးမရသေးတဲ့သတင်း (၃)လူမှုကွန်ရက် X ကို နာမည်ကြီးသတင်းဌာနတွေ သပိတ်မှောက်တဲ့သတင်း (၄)အမေရိကန်လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့် ဘိုင်ဒမ်ခွင့်ပြုလိုက်တဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
Skip to content Huawei Mate 70 Series ကို မကြာခင် ကြေညာတော့မယ်ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ အခုတော့ Huawei CEO Richard Yu က အဲဒီ ဖုန်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ မပြောပေမယ့် Maextro အမည်ရ တန်ဖိုးကြီး Car Brand တစ်ခုကိုလည်း မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ Yu က 2024 Guangzhou Auto Show မှာ အင်တာဗျူး တစ်ခုမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ Huawei Mobile ရဲ့ လူမှုကွန်ရက် အကောင့်တွေမှာ အဲဒီ သတင်းကို […]
လှော်ကားလမ်းခွဲကနေ ယဉ်ကျေးမှုတက္ကသိုလ်အထိ YBS-18 ယာဥ်လိုင်းသစ်ကို ယခုနိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။ YBS-18 ယာဉ်လိုင်းအသစ်ရဲ့ခရီးစဥ်လမ်းကြောင်း အနေနဲ့ လှော်ကားလမ်းခွဲ(ဂိတ်ရင်း)က စတင်ပြီး ၃၇ ဂိတ်၊ ထောက်ကြန့် လမ်းဆုံ၊ ပြည်လမ်း၊ ဝါယာလက်၊ ခရေပင်လမ်းခွဲ၊ ၃ လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာအဝိုင်း၊ ဘုန်းကြီးလမ်း၊ ၄၃၅/၄၃၆၊ ဘေလီ၊ စံပြစျေး တောင်မြောက်လမ်းဆုံကနေ ယဥ်ကျေးမှုတက္ကသိုလ် (ဂိတ်ဖျား)အထိ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ နေ့စဥ်ပုံမှန် YBS ခရီးသည် ၁.၅ သန်းခန့်ကို ပို့ဆောင်ပေးနေရတယ်လို့လည်း YRTCကနေ သိရပါတယ်။ Source link
(၁)စစ်ကောင်စီ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့လို့ အချိန်တိုအတွင်း အောင်မြင်မှုရယူနိုင်ခဲ့တာလို့ AA ရဲ့ တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားသွားတဲ့သတင်း (၂)ပန်းတောင်းမှာ AA နဲ့ PDF တပ်ဖွဲ့ဝင်တွေ တွေ့ရင် သတင်းပေးဖို့ မြို့နယ်ဒုရဲမှူး ညွှန်ကြားလိုက်တဲ့သတင်း (၃)AA ပါတယ်ဆိုတဲ့သတင်းမှားကြောင့် ပုလဲကို စစ်ကောင်စီ ပိုဖိတိုက်နေတယ်လို့ ပြည်သူတွေ အန္တရာယ်ကြုံနေရတယ်လို့ BNRA က ပြောကြားလိုက်တဲ့သတင်း (၄)ထရမ့်နဲ့ ဘိုင်ဒင်တို့ တွေ့ဆုံပြီး အာဏာလွှဲပြောင်းနိုင်ရေး ဆွေးနွေးခဲ့ကြတဲ့သတင်း (၅)ကမ္ဘာတဝန်းက အရွယ်ရောက်ပြီးသူ သန်း ၈၀၀ ကျော် ဆီးချိုရောဂါခံစားနေရလို့ စစ်တမ်းမှာ ဖော်ပြတဲ့သတင်: စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
(၁)ရွေးကောက်ပွဲနိုင်အောင် ဒေါ်လာသန်းရာနဲ့ချီသုံးပေးခဲ့တဲ့ အီလွန်မက်ကို ထရမ့် ဌာနသစ်တစ်ခုဖွဲ့စည်းပေးလိုက်တဲ့သတင်း (၂)ပုလဲမြို့မှာ သုံးရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ထွေ/အုပ်ရုံး စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်း (၃)ရက် ၈၀ ကျော်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တဲ့သတင်း (၄)အမျိုးသမီးရာနဲ့ချီပါဝင်တဲ့ TNLA တပ်သား ၁၂၀၀ ကျော် သင်တန်းဆင်းသွားတဲ့သတင်း (၅)မြန်မာဘက် လူကုန်ကူးခံရနိုင်ချေရှိတဲ့ တရုတ်ခရီးသွား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်လိုက်နိုင်တဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာလို့ ပုလောဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း ထားဝယ်မှာ ကားထဲပိတ်မိနေတဲ့ ယာဉ်မောင်းကို ကယ်ဖို့ကြိုးစားသူ ဓာတ်လိုက်ပြီး ဒဏ်ရာရသွားတာ ပွင့်လင်းရာသီအစမှာ မြိတ်ဒေသထွက် ရာသီပေါ်သီးနှံတွေ ဈေးကောင်းရနေတဲ့ သတင်း ကော့သောင်းမှာ အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့အကြောင်း ရနောင်းမြို့ ရနောင်းဌာနီဈေးနားက ၄ လွှာတိုက်တန်း မီးလောင်ခဲ့တဲ့အခြေအနေ ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရတဲ့အကြောင်း တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက် | Ministry Of Information Skip to main content Breadcrumb Home / ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး […]