ylliX - Online Advertising Network

ကံပိုင်တည် နယ်ခြားစောင့်တပ်ကိုဖယ်ရှားရန် KIA အပြင်းအထန်ထိုးစစ်ဆင်နေ – Myanmar Now

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီသစ္စာခံ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့်  ပန်ဝါနှင့် ကန်ပိုင်တည်မြို့များကို ပိတ်ဆို့ ထိုးစစ်ဆင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  က ယမန်နေ့(အောက်တိုဘာ ၁၇)တွင် ပြောသည်။   နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်မြို့အတွင်း  တိုက်ပွဲ ပြင်းထန်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။ စစ်တပ်က ကချင်အထူးဒေသ(၁) ဟု သတ်မှတ်ခဲ့သည့် ထိုနယ်မြေများထဲမှ  တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသ၊ လုပြည်ကျေးရွာအနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို အောက်တိုဘာ ၁၅ တွင် KIA သိမ်းပိုက်ပြီးနောက် ထိုးစစ်ကိုအရှိန်မြှင့်နေခြင်းဖြစ်သည်။ တိုက်ပွဲများမှာ ဆဒုံး-ကန်ပိုင်တည်အကြားရှိ ဝေါ့ချုံး ၊ စင်ကြိုင်( ရှန်ကျိုင် ) ရွာများအနီး၌ […]