ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး နမ်ဘူယန်ဆိုတဲ့ရွာမှာ ဟုတ်တယ်။ အဲဒီနမ်ဘူယန်မှာ အသကုန်ရွှေတူးဖို့ လုပ်နေတယ်။ ရွာနဲ့ ၁ ဖာလုံလောက်အကွာ မလှမ်းမကမ်းနားမှာပဲ တူးဖို့။ အစကတော့ စက်ယန္တရားကြီးတွေနဲ့ မတူးဘူး။ အခုတော့ စက်ယန္တရားကြီးတွေနဲ့တူးဖို့ပြင်နေတယ်။ အစကတော့ လက်ကျင်းတွေလောက်ပဲ၊ အနည်းအကျဉ်းပဲရှိတာ ဟုတ်တယ်”လို့ပြောပါတယ်။ ရွှေတူးဖော်ဖို့ အဓိကပြင်ဆင်နေတဲ့နေရာတွေဟာ ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ လယ်ယာမြေတွေမှာဖြစ်တယ်လို့သိရပြီး ရွှေတူးဖော်မယ့်လုပ်ငန်းကို သဘောတူတဲ့ ဒေသခံတစ်ချို့ရှိသလို အများပိုင်း လက်မခံပဲ ကန့်ကွက်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ “နမ်ဘူယန်ကျေးရွာဟာ ကျနော်တို့ ကချင်တွေသီးသန့်နေတဲ့ရွာဖြစ်တယ်ဆိုတော့ အခုအဲဒီနေရာမှာ ရွှေအလွန်အကျွံတူးဖော်လာရင် မလိခမြစ်ဖျားပိုင်းလည်း ဖြစ်တာကြောင့်ရယ် ဒေသခံတွေအတွက် လယ်ယာလုပ်ကိုင်စားသောက်ရေးတွေအစ အားလုံးခက်ခဲလာ နိုင်မယ့်အနေအထားဖြစ်တယ်။” လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် […]