ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]
ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုနှစ်ရှိသည့်အနက် ၁၀ မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ချင်းပြည်နယ်ထဲက ပလက်ဝမြို့နှင့်ဆို ၁၁ မြို့အထိ သိမ်းထားပြီဖြစ်သည်။ သို့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိသည့် အမ်းမြို့၊ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့် မြို့တော်စစ်တွေ၊ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူ၊ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် ရှိသည့် တောင်ကုတ်မြို့ စသဖြင့် မြို့တော်ကြီးများကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းအပြင် မာန်အောင်၊ ဂွ၊ မောင်တော ဒေသများမှာလည်း စစ်အင်အား အများအပြားဖြင့် စစ်ကောင်စီရှိနေဆဲဖြစ်သည်။ လက်ရှိ အမ်း၊ မောင်တော၊ ဂွနှင့် တောင်ကုတ် ဒေသများမှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြပြီး […]