ကိုယ့်အောက်ကအငယ်ကို မိဘက ပိုချစ်တယ်လို့ ခံစားရမှုကြောင့် အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှု မကွေးမှာ ဖြစ်ပွား – Myanmar Transparency News Source link
အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ပုံထဲမှ ကစားကွင်းကို မြို့အာဏာပိုင်တွေက အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ယူတားပြည်နယ် ကလီးယားဖီးလ်မြို့မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရိုဆီလီဟာ သော်နော့ခ်ပန်းခြံထဲမှာ ကလေးကစားကွင်း တည်ဆောက်နေတာကို တွေ့ပြီး ကစားကွင်းထဲမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက သူတို့အရွယ် ကလေးငယ်တွေဆော့ဖို့ အဆင်မပြေဘူးလို့ တွေးမိခဲ့တာပါ။ ဒါကြောင့်ပဲ ရိုဆီလီက သူ့စိတ်ကူးထဲက ကစားကွင်းကို အသေးစိတ် ပုံဆွဲခဲ့တာပါ။ သူ့အမေက ရိုဆီလီရဲ့ပုံကို ကလီးယားဖီးလ်မြို့တော်ကောင်စီထံ ပေးပို့ခဲ့ပြီး ပြင်ပဆက်ဆံရေးဒါရိုက်တာ အဲရစ်ဟောင်းကလည်း ဒီပုံတွေကို သဘောကျတာကြောင့် ပုံကြမ်းတစ်ခုချင်းစီကို အသေအချာ အချိန်ယူလေ့လာခဲ့ပါတယ်။ သော်နော့ခ်ပန်းခြံမှာ ကစားကွင်းတည်ဆောက်မှုက ပြီးစီးလုဆဲဆဲ ဖြစ်နေတာမို့ ရိုဆီလီရဲ့ စိတ်ကူးကို ပုံဖော်ပေးဖို့ မဖြစ်နိုင်တာကြောင့် နောက်ထပ်ကစားကွင်းတစ်ခု တည်ဆောက်ဖို့ မြို့တော်ကောင်စီက စီစဉ်ခဲ့ပါတယ်။ သူတို့ဟာ […]