ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ညီနောင်သုံးဖွဲ့ ဦးဆောင်သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ (အောက်တိုဘာ ၂၇ ) တွင် စစ်ကောင်စီလေတပ်က ကိုးကန့်နှင့် တအာင်းတပ် အခြေစိုက်ရာ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရခဲ့သည်။ ပစ်မှတ်ထားခံရသည့် မြို့များမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လောက်ကိုင်နှင့် သိန္နီမြို့၊ တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နောင်ချိုမြို့တို့ဖြစ်သည်။ အောက်တိုဘာ ၂၇ သို့ ကူးပြောင်းသည့် ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့် တွင် လေယာဉ်တစ်စီးက လောက်ကိုင်မြို့ကို သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ပေါ်ရှိ Henry Hotel […]
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် လောက်ကိုင်ရှိ ဟိုတယ်များ ပစ်မှတ်ထား ဗုံးကြဲခံရ – Myanmar Transparency News Source link