ylliX - Online Advertising Network

လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့အသီးအသီးမှ ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့သည့် (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားရသည့် ဗိုလ်လောင်းများမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (SLF/TNLA) မှ (၁၁) ဦး၊ အာရက္ခတပ်တော် -AA မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF မှ (၂) ဦး၊ ချင်းအမျိုးသားတပ်ဦး -CNF မှ (၂) ဦး ကျဆုံးခဲ့ရသည်။ ဦးသိန်းစိန်အစိုးရလက်ထက်၊ စစ်တပ်ကို မင်းအောင်လှိုင်ဦးဆောင်နေသော စစ်တပ် ခြေမြန်တပ်ရင်း (၃၈၉) မှ (၁၀၅) […]

ဆင်မကြီး မိုမို ၇၁ နှစ်ပြည့်ပြီ

ကလေးငယ်တွေရဲ့ အချစ်တော် ဆင်မကြီးမိုမိုရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ကို သူနေထိုင်ရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပဲ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။   “မိုမိုရေ..”လို့ခေါ်လိုက်တာနဲ့ “ဝူး..” ဆိုပြီး ပြန်ပြီး ထူးတတ်တဲ့ ဆင်မကြီးမိုမိုဟာ အခုမှာတော့ ဖွားဖွားမိုမိုဖြစ်နေပါပြီ။ ကယားပြည်နယ် လွိုင်ကော်မြို့မှာနေတဲ့ မိုမိုရဲ့ မူလသခင် ဦးခွန်ဆန္ဒဟာ သူကောင်းမွန်စွာ အနားယူနိုင်ဖို့ ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လှူဒါန်းခဲ့ပါတယ်။ သူ့နာမည်ကို မိုမိုလို့ ခေါ်တွင်စေတာကတော့ ဦခွန်ဆန္ဒရဲ့ ဇနီးဖြစ်သူ နော်မိုမိုရဲ့ အမည်ကို ဂုဏ်ပြုပေးခဲ့တာပါ။   အရပ်အမြင့် ၇ပေ၉လက်မ ၊ ကိုယ်ထည်လုံးပတ် ၁၅၀ လက်မရှိတဲ့ ဆင်မကြီးမိုမိုဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်တဲ့ […]