ကျော်ထက်ဇော် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မကြာမီကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားအဆင့် အားကစားပွဲတော်ကြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ၁၉၉၂ ခုနှစ်က ရန်ကုန်မြို့၌ မေလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ အားကစားပြိုင်ပွဲများကို (၁) ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊ (၂) တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ တိုင်း/တပ်မ ဌာနချုပ်များ၊ တက္ကသိုလ် (အထက်/ အောက် မြန်မာပြည်) အဆင့်နှင့် (၃) တိုင်းနှင့် ပြည်နယ် အခြေခံကျောင်းသားအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအရပ်ရပ်တွင် အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၇၂ […]