ylliX - Online Advertising Network

ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ  ရွေးကောက်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်နေ့ ည သန်းခေါင်ဝန်းကျင်၊ အာရှမှာတော့ ၆ ရက်နေ့ နံနက်ပိုင်း ရောက်ချိန်မှာ မဲတွေအားလုံး မရေတွက်ရသေးတဲ့တိုင် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရတဲ့အကြောင်း အမေရိကန် အစိုးရက တည်ထောင်ထားတဲ့ VoA မီဒီယာမှာ ဖော်ပြလိုက်တဲ့အခါ ဒါတော့သေချာသွားပြီ ဆိုတာ နားလည်သဘောပေါက်လိုက်ပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ မှာ မွေးဖွားသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ကူညီဆောင်ရွက်နေကြတဲ့ အမေရိကန်ရောက် မြန်မာတွေ ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ […]

ကိုသန်းလွင် – နောင်တ တရားဆိုရာဝယ်

(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ (၁) လူ့လောကကြီးတွင် နောင်တ တရားရှိသင့်၊ မရှိသင့်ဟူ၍ အယူအဆနှစ်မျိုးကွဲပြားလျက်ရှိပါသည်။ တစ် ဖက်က နောင်တ တရားရှိသင့်သည်၊ သို့မှသာ လွန်ခဲ့သော ကာလကအမှားမျိုးထပ်မံမမှားမိစေရန် ကာကွယ်နိုင် မည်။ အခြားတဖက်ကလည်း နောင်တ တရားဟူ၍လုံးဝမရှိသင့်၊ အတိတ်ကာလသည် ကုန်လွန်သွားပြီ၊ ရှေ့သို့ သာဆက်ရန်ရှိတော့သည်ဟူ၍ဖြစ်သည်။ စာပေလောကတွင်နောင်တတရားကို ထိမ်းချုပ်ရန်၊ စီမံခန့်ခွဲရန် အကြံ ပေးချက်များနှင့် ပြည့်နှက်လျက်ရှိပါသည်။ ကွန်ဂရက်၏ စာကြည့်တိုက်တွင် No regret ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်အမျိုးပေါင်း ငါးဆယ်ထက်မနည်း ရှိသည်။ ပြောလိုသောသင်ခန်းစာမှာ သေချာပါသည်။ နောင်တတရားသည် မလိုအပ်ပါ။ ကိုယ့်ကိုကိုယ်အရှုံးပေးသလို ဖြစ်နေပါသည်။ နောက်ပြန်ကြည့်သောတရား ဖြစ်ပါသည်။ အနုတ်လက္ခဏာဆောင်သော အတွေးများကို ရှောင်ရှားရမည်ဟုလည်း ဆိုလိုပါသည်။ (၂) […]