စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့( နိုဝင်ဘာ ၁၉ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်၏တောင်ဘက် ရေဝင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ရာသို့ ပြင်ဦးလွင်မြို့ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီပတ်၏ ဝက်ဝံဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “သူတို့(စစ်ကောင်စီ) ထိုးတက်လာလို့ ရေဝင်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မနေ့က အချိန်တော်တော်ကြာကြာ တိုက်ပွဲဖြစ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ နိုဝင်ဘာ၁၈ ရက်နှင့် ၁၉ရက် များတွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံအနီးသို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲသဖြင့် ရွာခံအမျိုးသားတစ်ဦး […]