တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နယ်မှာ နိုဝင်ဘာလ ၆, ၇ ရက်များတွင် ကျင်းပခဲ့သည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော ခေါင်းဆောင်လည်းဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြန်ခရီးကို မြန်မာ့အနုပညာရှင်အချို့က အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။ နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံက ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ပါဝင်သော ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး အပါအဝင် ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ နယ်ပယ်စုံက အနုပညာရှင်များအပါအဝင် မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ အဖွဲ့ဝင်များမှာ […]
(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်မည်ဟုဆို) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (၃၆) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နှင့် စစ်ကြောင်း (၃) စသည့် နယ်မြေဒေသ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်မတော် ABSDF က ပြောသည်။ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ က “ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း […]