အနိဋ္ဌာရုံ ပြည့်နှက်နေသော ရှေ့တန်းစစ်မြေပြင်သည် စစ်သားတစ်ယောက်အတွက် အချိန်မရွေး အသက် အန္တရာယ်ရှိ၊ နေထိုင်မှု ကြမ်းတမ်းပြီး အစားအသောက် ခက်ခဲသည်ဟု လူအများက ရှုမြင်ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေသတွင်း၌ ပြည်တွင်းစစ် သက်တမ်းအရှည်ကြာဆုံး စစ်ပွဲများကို ဆင်နွှဲနေသော မြန်မာနိုင်ငံတွင်မူ ရှေ့တန်းစစ်မြေပြင်များသည် မြို့ပြများအထိ ရောက်လာသလို စစ်တပ်က အခိုင်အမာခုခံစစ် ပြင်ဆင်ထားသော နောက်တန်း စစ်ဌာနချုပ်များအထိပါ ကျယ်ပြန့်လာသည်။ ကျယ်ပြန့်လာသော စစ်ပွဲများ နှင့်အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ်များ၏ နိုင်ငံ့စီးပွား စီမံခန့်ခွဲမှုအလွဲများကြောင့်လည်း တိုင်းပြည်စီးပွားရေးပြိုကျပြီး အလုပ် အကိုင်ရှားပါးပြီး အထွေထွေကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ဝန်ထမ်းများ၊ ပင်စင်စားများ အပါအဝင် အခြေခံလူတန်းစားများပါ ခါးစည်းခံနေရသည်။ ထိုဒဏ်များကို အဂတိနှင့် အကျင့်ပျက်ချစားမှုများဖြင့် […]