စစ်ရေးပြင်းထန်နေသော မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇) နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရသဖြင့် ကိုရင်တစ်ပါးနှင့် အမျိုးသမီးငယ် ၂ ဦး သေဆုံးသွားသည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (MDY-PDF) က ထုတ်ပြန်သည်။ မြို့အရှေ့မြောက်ဖက် ၃ မိုင်ကျော်အကွာ လက္ကောင်းကြီးကျေးရွာ ဓမ္မာရုံကို စစ်တပ်က ထိုသို့ တိုက်ခိုက်ရာ ဓမ္မာရုံအတွင်းရှိနေသည့် ထိုသုံးဦးဒဏ်ရာများ ဖြင့် သေဆုံးသွားကြသည်ဟု MDY-PDF ၏ ယနေ့ထုတ်ပြန်ချက်တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ နိုဝင်ဘာ ၂၆ တွင်လည်း ထိုမြို့နှင့် ကပ်လျက် တည်ရှိသည့် ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာကို အလားတူ ဗုံးချ တိုက်ခိုက်ရာ ဆိတ်ကျောင်းနေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး၊ ဆိတ် ၅ ကောင် […]