#World_HealthPublished 15 November 2024 ▪️ ဆောက်သမ်တန် တက္ကသိုလ်ဆေးရုံနဲ့ ဆောက်သမ်တန်တက္ကသိုလ်တို့မှ ပြုလုပ်တဲ့ လေ့လာချက်မှာ လေဆာများအသုံးပြုပြီး သွေး၊ ကျောရိုးအရည်၊ ချွဲသလိပ်တို့ကို စစ်ဆေးကာ ဒီမန်ရှာရောဂါကို စောစီးစွာ ရှာဖွေနေပါတယ်။ ▪️ ဒီမန်ရှာရောဂါကို စစ်ဆေးတွေ့ရှိဖို့ အချိန် ၂ နှစ်ခန့်အထိ ကြာမြင့်တတ်ပေမယ့် လေဆာနည်းပညာသစ်ကတော့ လက်ရှိဟာတွေထက် ဈေးသက်သာပြီး စက္ကန့်အပိုင်း ရလဒ်သိရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ▪️ မူလစမ်းသပ်နည်းများက အယ်လ်ဇိုင်းမားရောဂါကို ရှာဖွေရာမှာ ၉၃ ရာခိုင်နှုန်းကျော် တိကျမှုရှိပါတယ်။ ▪️ ဒီလိုနည်းလမ်းက ကျန်းမာရေးစောင့်ရှောက်မှုမှာ အဆင့်အတန်း မြင့်တက်လာရုံမက အာရုံကြောချို့ယွင်းရောဂါတွေကို မြန်ဆန်စွာ သိရှိလာစေမှာ ဖြစ်တယ်လို့ ဆောက်သမ်တန် တက္ကသိုလ်ဆေးရုံမှ ပရော်ဖက်ဆာ ခရစ္စကစ်က ပြောပါတယ်။ ▪️ ယူကေမှာ […]