(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၄ ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ ရွေးကောက်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်နေ့ ည သန်းခေါင်ဝန်းကျင်၊ အာရှမှာတော့ ၆ ရက်နေ့ နံနက်ပိုင်း ရောက်ချိန်မှာ မဲတွေအားလုံး မရေတွက်ရသေးတဲ့တိုင် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရတဲ့အကြောင်း အမေရိကန် အစိုးရက တည်ထောင်ထားတဲ့ VoA မီဒီယာမှာ ဖော်ပြလိုက်တဲ့အခါ ဒါတော့သေချာသွားပြီ ဆိုတာ နားလည်သဘောပေါက်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ မှာ မွေးဖွားသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ကူညီဆောင်ရွက်နေကြတဲ့ အမေရိကန်ရောက် မြန်မာတွေ ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ […]
ဒီမိုကရက်တွေ ဆေးချက်မှားတဲ့ အမေရိကန်နိုင်ငံရေးလား နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄ နယူးယောက်တိုင်းမနက်ခင်းအာဘော်ကို ဖတ်ပြီး သင့်တော်သလို ပြန်ရေးပါတယ်။ ဆောင်းပါးရှင်ရေးထားတာက ဒီမိုကရက်တစ်ပါတီက လူမျိုးစုတွေ ပေါင်းစုမှုကနေ သူတို့အလေးသာလိမ့်မယ် ထင်နေကြပါတယ်။ နိုင်ငံသည် လူမျိုးရေးအရ ပိုမိုကွဲပြားလာသည်နှင့်အမျှ အာရှ၊ လူမည်းနှင့် ဟစ်စပန်နစ် (တောင်အမေရိကန် စပိန်စကားပြော) မဲဆန္ဒရှင်များ၏ ထောက်ခံမှုကြောင့် ဒီမိုကရက်များသည် အများစု၏ အနိုင်ရပါတီဖြစ်လာမည်ဟု စိတ်ကူးခဲ့ကြသည်။ ဤအမြင်မှာ အမေရိက၏ နိုင်ငံရေးသည် ကယ်လီဖိုးနီးယား၏ လစ်ဘရယ်နိုင်ငံရေးနှင့် အတူတူဖြစ်လာမည်ဟု အထင်ကြီးလွန်းခြင်း ဖြစ်ပါသည်။ ဒီနည်းနဲ့ အဆင်မပြေပါဘူး။ ယင်းအစား၊ အသားအရောင်ကွဲပြားသော လူဖြူမဟုတ်သော အမေရိကန်များသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း လက်ယာနိုင်ငံရေးသို့ ပိုတိမ်းညွတ်လာ၊ ပြောင်းလာခဲ့သည်။ နောက်ဆုံး New York Times/ Siena College […]