ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk သည် အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်မှ မာရာလာဂိုစံအိမ်ကြီးတွင်သာ နေ့တိုင်းလိုလို ထရမ့်နှင့် အတူနေထိုင်လျက်ရှိသည်။ ထရမ့်ကလည်း သူ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သူ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ပြောသည်။ နိုဝင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီတွင် ရီပတ်ဘလီကန် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ထရမ့်က ပြောခဲ့သည်မှာ “Elon က အိမ်ပြန်လိမ့်မှာ မဟုတ်ပါဘူး။ ကျွန်တော်သူ့ကို မစွန့်လွှတ်နိုင်ဘူး။ အနည်းဆုံးပြောရရင်တော့ ကျွန်တော်သူ့ကို သဘောမကျတော့တဲ့ အချိန်အထိပေါ့” ဟု ဆိုသည်။ မာရာလာဂိုစံအိမ်ကြီးတွင် Elon Musk ကို နေ့တိုင်းနီးပါး တွေ့နေရခြင်းဖြစ်ပြီး အိမ်ဖြူတော်သို့ မကြာမီရောက်လာတော့မည့် ထရမ့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် […]