ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk သည် အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်မှ မာရာလာဂိုစံအိမ်ကြီးတွင်သာ နေ့တိုင်းလိုလို ထရမ့်နှင့် အတူနေထိုင်လျက်ရှိသည်။ ထရမ့်ကလည်း သူ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သူ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ပြောသည်။ နိုဝင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီတွင် ရီပတ်ဘလီကန် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ထရမ့်က ပြောခဲ့သည်မှာ “Elon က အိမ်ပြန်လိမ့်မှာ မဟုတ်ပါဘူး။ ကျွန်တော်သူ့ကို မစွန့်လွှတ်နိုင်ဘူး။ အနည်းဆုံးပြောရရင်တော့ ကျွန်တော်သူ့ကို သဘောမကျတော့တဲ့ အချိန်အထိပေါ့” ဟု ဆိုသည်။ မာရာလာဂိုစံအိမ်ကြီးတွင် Elon Musk ကို နေ့တိုင်းနီးပါး တွေ့နေရခြင်းဖြစ်ပြီး အိမ်ဖြူတော်သို့ မကြာမီရောက်လာတော့မည့် ထရမ့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် […]
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG ကို ထရမ့် အသိအမှတ်ပြု ဖိတ်ခေါ်ပြီ။ တရုတ်က မြန်မာပြည်သူများကို ကျူးကျော်နေပြီး အခုအချိန်မှာ NUG အစိုးရ အင်အားပြရမယ့် အချိန်ဟု တရုတ်ကို အသိပေး’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom […]