လိင်မှုကိစ္စဆိုတာ ပျော်စရာကောင်းပေမယ့် တစ်ခါတစ်ရံမှာတော့ မတော်တဆ ထိခိုက်ဒဏ်ရာနဲ့ အနာတရတွေ ကြုံရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှော တဲ့အခါ အဖြစ်များတဲ့ လိင်မှုဆိုင်ရာ ဒဏ်ရာ အနာတရတွေနဲ့ ၎င်းတို့ကို ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ (၁) လိင်အင်္ဂါ သွေးထွက်ခြင်း Photo : SmartParents ပထမဆုံးအကြိမ် ချစ်တင်းနှော ချိန်မှာ မိန်းမကိုယ် သွေးထွက်တက်သလို ချောဆီ အလုံအလောက်မရတာ သို့မဟုတ် ပြင်းပြင်းထန်ထန် ဆက်ဆံတာတွေဟာလည်း လိင်အင်္ဂါမှာ ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပြီး သွေးထွက်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ချွန်ထက်တဲ့ အရာတွေ ဒါမှမဟုတ် လက်သည်းရှည်နဲ့ မိန်းမကိုယ်အတွင်း ထိုးသွင်းနှိုးဆွတဲ့ အခါမှာလည်း မိန်းမကိုယ် သွေးထွက်တဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။ (၂) ကြွက်သား နာကျင်ခြင်း Photo […]
အဆင့်မြင့် အားကစားသမားများ ဒူးဒါဏ်ရာ တစ်ခုရပါက ACL (anterior cruciate ligament) ဟုသိကြသော ဒူးအတွင်းက အရွတ် ပြဲမည်၊ ပြတ်မည်ကိုကြောက်ကြသည်။အဘယ်ကြောင့်ဆိုသော် ပြန်ကစားရဖို့ ကြာတတ်သလို အချို့လည်း သူချစ်သော အားကစားကို စွန့်ခွာ သွားရသည် အထိရှိ ဖြစ်သည်ကို ကြားဖူးကြ၍ဖြစ်ပါသည်။ ACl ဒဏ်ရာများသည် ခုန်ရသော၊ ခုန်ချရသော၊ လှည့်ခြင်းများများလုပ်ရသော နှင့် ရုတ်တရက် အရှိန်သတ် ကစားရသော အားကစားနည်းများတွင် မကြာခဏ ဖြစ်တတ်သည် (ဥပမာ ဘောလုံး၊ ဘတ်စကတ်ဘော၊ ရပ်ဘီ၊ လက်ပစ်ဘော၊ ကျွမ်းဘား၊ စကိတ်၊ တင်းနစ်၊ ဘော်လီဘော )။ အရွတ်၏ ခန္ဓာဗေဒ ACL အရွတ် သည် ဒူးဆစ်ရှိ အဓိက အရွတ် လေးခုထဲမှ တစ်ခုဖြစ်သည်။ […]