မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း စစ်တပ်က အလစ်အငိုက် စီးနင်းမှုတွင် တော်လှန်ရေးအဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံရပြီး ၄ ဦး၏ ရုပ်အလောင်းများမှာ မီးရှို့ခံထားရသည်။ ထီးလင်းမြို့မှ ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီးအင်အား ၈၀ ပါ စစ်ကြောင်းသည် မြို့တောင်ဘက် ၄ မိုင်ခန့်အကွာ ကျားခဲရွာကို နံနက် ၄ နာရီခွဲတွင် ဝင်ရောက်စီးနင်းစဉ် ရွာအနောက်ပိုင်း၌ လုံခြုံရေး ကင်းစောင့်နေသည့် တော်လှန်ရေးအဖွဲ့ဝင် ၄ ဦး အငိုက်မိပြီး ဖမ်းဆီးခံရသည်။ ၎င်းတို့မှာ အသက် ၃၀ နှင့် ၄၀ ကြားအရွယ်များဖြစ်သော ကိုသန်းစိန်မင်း၊ ကိုမျိုးကျော်၊ ကိုမင်းသူနှင့် ကိုဝင်းဆန်းဦး တို့ဖြစ်ကြပြီး ၃၀ အရွယ် ကိုနေဆန်းဝင်းဆိုသူမှာလည်း […]