ylliX - Online Advertising Network

နိုင်ငံတကာသာဂိ – ကြင်စိုးတိုင်းပြည်က လာတဲ့သူတွေက ထရန့်ကို မဲပေးကြမတဲ့လား

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၅ အမေရိကန် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၅ ရက် နီးလာတာနဲ့အမျှ အမေရိကန်တပြည်လုံးသာမက တကမ္ဘာလုံး စိတ်နှလုံးတင်းကျပ်ဖိစီးမှုတွေ ဖြစ်နေကြတယ်။ ဖက်ဆစ်ခေါင်းဆောင်လောင်း ထရန့်ပဲ နိုင်မလား၊ ဒီမိုကရေစီကို ထိန်းသိမ်းမယ့် ဟဲရစ်ပဲ အနိုင်ရမလား – လူတွေက စိတ်လှုပ်ရှား ဝေခွဲမရ ဖြစ်ကြပါတယ်။ ဖြစ်ဆို – ထရန့်နဲ့ အပေါင်းအပါတွေက ရန်လိုတဲ့ စကားတွေ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ တိုးလုပ်လာတဲ့အပြင် သူ့နောက်လိုက်တွေကလည်း အစွယ်တွေ အဖွေးသား၊ ရန်စွယ်နဲ့ ငေါငေါ အူကြ ဟောင်ကြ ဟိန်းကြနဲ့မို့ အမေရိကန်ပြည်ကို ခွေးဝင်ဆွဲနေသလား မှတ်နေရပါတယ်။ ဒီမိုကရက်ပါတီနဲ့ ဟဲရစ်တို့ကတော့ ဒီမိုကရေစီစနစ် အဓွန့်ရှည် ရှင်သန်ဖို့ တိုင်းပြည်ကြီး ချောက်ထဲ မရောက်ဖို့အတွက် […]