တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် တစ်ပြိုင်နက်ထိုးစစ်ဆင်နေသည့် မြို့နယ် ၄ ခုကိုလည်း ရလုနီးပါးဖြစ်နေပြီဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲသည် ယမန်နေ့က တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ “ တစ်နှစ်တာကာလအတွင်းမှာ ULA/AA က သိမ်းပိုက်ခဲ့တဲ့ မြို့နယ်စာရင်းကတော့ အားလုံးပေါင်း ၁၁ ခု ပေါ့နော်။ အဲ့ဒီ ၁၁မြို့နယ်ကတော့ အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။ AA သည် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား ၊ […]