ပုံအညွှန်း – မြဝတီကြိုဆိုပါ၏ ဆိုင်ပုဒ်ရှေ့တွင် တွေ့မြင်ရသည့် ဗျူဟာ၃၂စစ်ဆင်ရေးမှူးဗိုလ်ဒါဘောနှင့် တော်လှန်ရေးရဲဘော်များ (ပုံဟောင်း) ဟန်ထူးဇော် မြ၀တီမြို့အနီး လေးကေ့ကော်ဒေသကိုလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်များက အာရှလမ်းမကြီးကို စိုးမိုးနိုင်ရေး မြေပြင်စစ်ကြောင်းထိုးမှု အပြင်းအထန်လုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်. လေးကေ့ကော်မြို့သစ်နှင့် ၃၁ မိုင်အကွာ၊ မြ၀တီမြို့နှင့် ၂၁ မိုင်အကွာတွင်တည်ရှိသော ရင်ကွဲတောင်ကို စစ်ကောင်စီတပ်များက သိမ်းပိုက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။ ရင်ကွဲတောင်ခြေရင်းတွင် ပဲခူးတိုင်းဘုရားကြီးမှသည် ကရင်-ထိုင်းနယ်စပ် စစ်ရေးနှင့် စီးပွားရေးအရ မဟာဗျူကျသော မြ၀တီမြို့သို့ဆက်သွယ်ထားသော အာရှလမ်းမကြီးရှိသည်။ မြ၀တီ ကုန်သွယ်ရေးစခန်းသည် တရက်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းခွဲ ကုန်သွယ်မှုပမာဏရှိသည်။ ” မြေပြင်ကတော့ အင်အားများတယ်။ ထိုးစစ်ပြင်းပြင်းထန်ထန်လုပ်နေတယ်။ အရင်ပုံစံမဟုတ်ဘူး။ အတင်းဝင်လုံးတာ၊ လက်နက်ကြီးပစ်ကူပေးပြီး တတ်တယ်” ”ဟု ကရင်စစ်ဘက်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ […]