စစ်ကောင်စီသစ္စာခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်များကိုတိုက်ထုတ်ပြီး မြေရှားသတ္တု အများအပြားထွက်ရှိရာ ကချင်ပြည်နယ်ထဲရှိ ချီဖွေနှင့်ပန်ဝါဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားနိုင်သော်လည်း တရုတ်အစိုးရ၏ နယ်စပ်ပိတ်ဆို့မှုများကြောင့် သတ္တုတူးဖော်မှုလုပ်ငန်းအများစု ရပ်ဆိုင်းထားသည်ဟု သိရသည်။ လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည့် မြေရှားသတ္တုသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ချီဖွေ၊ ပန်ဝါဒေသများတွင် အများအပြားထွက်ရှိသည်။ ထိုဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်များနှင့် စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ်တို့က အများအပြားတူးဖော်ခဲ့ကြသည်။ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး အောက်တိုဘာလတွင် တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေသည့် မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါမြို့များကိုပါ သိမ်းယူနိုင်ခဲ့သည်။ ပြည်နယ်အရှေ့ပိုင်းက ကချင်တောင်တန်းများသည့် စစ်တပ်နှင့်ပြည်သူ့စစ်လက်အောက်၌ မြေရှားသတ္တု အလွန်အကျံတူးဖော်ရာနေရာဖြစ်ခဲ့သည်။ ဓာတ်ပုံ – […]
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂၈ တွင် အမ်းမြို့ဟောင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က မကွေးဘက် မှ စစ်ကူပို့ရန် ကြိုးပမ်းနေသည်ဟု သိရသည်။ အမ်းလေယာဉ်ကွင်းအနီးရှိ မြို့ဟောင်းကို ရပြီးနောက် မြို့တောင်ဘက်ရှိ တိုင်းစစ်ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်နေသည်ဟု AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၇ တွင် လေတပ်က လက်နက်ခဲယမ်းများကို လေထီးနှင့်ချပေးရသော်လည်း စခန်းထဲသို့ ရောက်မသွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ “မြို့ဟောင်းကို သိမ်းပြီးပြီ။ လေထီးနဲ့ချတဲ့ ပစ္စည်းတွေက နပခဝန်းထဲ မရောက်ဘူး။ ဖရိုဖရဲပါပဲ” ဟု ၎င်းက ဆိုသည်။ ကျလုနီးပါးဖြစ်နေသော တိုင်းစစ်ဌာနချုပ်ကို […]