မင်းမင်း ပေ ၁၀၀ ကျယ်ဝန်းသည့်လမ်းမကြီးက စက်မှုဇုန်တစ်ခု၏ အသွင်သဏ္ဌာန်ပေါ်လွင်လာစေရန် အစပြုပေးသည့် လမ်းမကြီးဖြစ်နေသည်။ ဒေသစီးပွား တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် မကွေးစက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်းများသည် စတင်နေပြီဖြစ်သည်။ စီမံကိန်းတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိမှု အပါအဝင် လမ်းစနစ်၊ ရေမြောင်းစနစ်၊ ရေဆိုးထုတ်စနစ်၊ လုံခြုံရေးစနစ်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး စုဝေးခန်းမ စသည်ဖြင့် စက်မှုဇုန်တစ်ခုအတွက် လိုအပ်သည့် အခြေခံလိုအပ်ချက် အားလုံးပါဝင်မည်ဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းများစွာ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများစွာသည် တစ်နေရာတည်းတွင် စုစည်းကာ စက်မှုဇုန်တစ်ခုအဖြစ် အသက်ဝင်လာတော့မည် ဖြစ်သည်။ စက်မှုဇုန်အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေ မကွေးစက်မှုဇုန်သည် စက်မှုဇုန်တစ်ခုအဖြစ် ရှင်သန်ရပ်တည်သွားနိုင်ရန် စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် လုံလောက်သော မြေနေရာရှိခြင်း၊ ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာဝင်ထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဆက်သွယ်ရေးလမ်းကြောင်းရှိခြင်းနှင့် […]