(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည် အမေရိကန်နှင့် လက်တွဲရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး […]
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံသားများ၏ အချက်အလက်အသေးစိတ်များအား ရရှိရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများနှင့် […]