ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။ “တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက အခု ကိုင်းရှည်ရပ်ကွက်ကျော်ပြီး မြို့လယ်ကို ရောက်သွားပြီ။ တောင်ကုတ်တက္ကသိုလ်ထဲမှာ […]
(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က မြို့ထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ တိုက်ပွဲကလည်းအရမ်း ပြင်းထန်နေတယ်”ဟုပြောသည်။ […]