ylliX - Online Advertising Network

Weekend News Roundup I 23 November 2024 – BUR.MIZZIMA.COM

အညာမှာ ဒီနှစ်စာသင်ကျောင်းပေါင်း ဘယ်လောက် ဖွင့်လှစ်ထားနိုင်လဲ၊ အရင်နှစ်နဲ့ ဒီနှစ်နဲ့ ဘယ်လောက်ကွာလဲ၊ အညာဒေသက စိုးမိုးနယ်မြေတွေမှာ ကြားကာလပညာရေး စာသင်ကျောင်းတွေ လည်ပတ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်ကို သုံးသပ်ဆွေးနွေးချက်၊ ကြားကာလ ပညာရေး စာသင်ကျောင်းတွေမှာ ဘယ်လိုစနစ်မျိုး… Source link

အညာတော်လှန်ရေးတပ်ပေါင်းစုဖွဲ့ဖို့ ဘာတွေလိုအပ်နေလဲ (ရုပ်သံ) – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းတို MTO မဇ္ဈိမ။ ။တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံဒေသအနှံ့မှာလည်းတိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မဟာမိတ်စုဖွဲ့မှုနဲ့အတူ စစ်ကောင်စီကိုတိုက်ခိုက်နေကြပြီး စစ်ရေးအောင်မြင်မှုတွေရရှိနေပါတယ်။ အညာဒေသမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့ကိုးမြို့ကို ထိန်းချုပ်ထားပေမယ့် လက်ရှိထက်သာလွန်တဲ့ စစ်ရေးဖော်ဆောင်မှုတွေပြုလုပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့တပ်ပေါင်းစုတည်ဆောက်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက တိုက်တွန်းပြောဆိုလာကြပါတယ်။ အညာတော်လှန်‌ရေးတပ်ပေါင်းစုတည်ဆောက်နိုင်ဖို့ ဘာတွေလိုအပ်နေတာပါလဲ။ အညာ‌ဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊တော်လှန်ရေးအင်အားစုတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။ သတင်း – MTOတည်းဖြတ်/တင်ဆက် – MTO Source link

၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) – BUR.MIZZIMA.COM

ရွှေနွယ် စစ်ကောင်စီဟာ ရှမ်းမြောက်က မိုင်းရယ်မှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေကို ဖြည့်တင်းထားပြီး လက်ရှိမှာတော့ မိုင်းရယ်− လားရှိုး လမ်းပိုင်းကတဆင့် စွန့်လွှတ်ခဲ့ရတဲ့ လားရှိုးကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ မြေပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အခါ ကိုးကန့်တပ် MNDAA အနေနဲ့ မြို့ကနေ ဆုတ်ခွာပေးမှာလား၊ စစ်ဆိုင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါလား။ အပြည့်အစုံကို ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက်- ရွှေနွယ် The post ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) appeared first […]

နိုဝင်ဘာလ ၁၁ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းအစီအစဉ်  – မိတ္ထီလာ(ရှမ်းတဲ)လေတပ်နဲ့ ပြည်သာယာရဲစခန်းတို့ ဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရတဲ့ သတင်း -ကူးဆိပ်စခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်တဲ့သတင်း -ကနီမြို့နယ်မှာ ညမထွက်ရအမိန့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်တဲ့အကြောင်း – ထရမ့်အနိုင်ရတာက ကန်အတွက် မူဝါဒအမှားတွေကို ပြန်သုံးသပ်ဖို့ အခွင့်အရေးရသွားတာလို့ အီရန်ပြောတဲ့ အကြောင်းတွေအပါအ၀င် စိတ်ဝင်စားဖွယ်နဲ့  အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ Source link

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အလွန် စစ်ကောင်စီရဲ့ ထိန်းချုပ်မြို့တွေ လက်လွှတ်ရအုံးမလား (ဆောင်းပါး) – BUR.MIZZIMA.COM

တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]

တရုတ်ဖိအား နဲ့ တရုတ်အကျိုးစီးပွား မြန်မာ့အရေးကို ရိုက်ခတ်မှာလား I Common Ground (Episode-65) – BUR.MIZZIMA.COM

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင်ဆက် ပေးနေပါတယ်။ Tagged commonground, mizzimatv Source link

Mizzima Weekly Sports အစီအစဉ် I 26 October 2024 – BUR.MIZZIMA.COM

-ထိုင်းဘက်မှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ အပ်နှံခံရချိန် အတင်းအဓမ္မစစ်သားစုဆောင်းတာခံရတဲ့ မြန်မာလူငယ် ၂၇ ဦး အစောင့်စစ်သားနှစ်ဦးကို ပစ်သတ်ကာ သေနတ်ယူဆောင်ထွက်ပြေးကြတဲ့သတင်း -စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်တဲ့သတင်း… Source link

အောက်တိုဘာလ ၂၄ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ် – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းအစီအစဉ် -စစ်ကောင်စီနဲ့လာအိုတို့အကြား အလုပ်သမားအရေးဆွေးနွေးပြီးနောက် မြန်မာလုပ်သားများ တရားဝင်လမ်းကြောင်းမှ ငွေလွှဲရန် တိုက်ရိုက် ဖိအားပေးမှုများရှိလာတဲ့သတင်း -မြောင်မြို့ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှု အမျိုးသမီး ၄ ဦးအပါ ၆ ဦးသေဆုံးတဲ့သတင်း -ပန်ဝါမြို့ ကို KIA ထိန်းချုပ်ပြီးတဲ့နောက် တရုတ်ကလျှပ်စစ်မီးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်တန့်တဲ့သတင်း -တရုတ်-အိန္ဒိယ ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး အားကောင်းသင့်တယ်လို့ ရှီကျင့်ဖျင် ပြောကြားတဲ့သတင်း တဲ့သတင်း -ဒီကနေ့ ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။ […]

ခွဲခြားမှုတွေအပြင် စစ်ကောင်စီကိုပါ အတူရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ LGBT စုံတွဲ | ဆူးခင်းလမ်းက ပန်းသတင်း EP-11 – BUR.MIZZIMA.COM

မဇ္ဈိမ။ ။ အာဏာသိမ်းတဲ့အချိန်ကနေ လက်ရှိအချိန်အထိ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲမှာ ပါဝင်နေကြသူတွေထဲ ကရင်နီပြည်က လိင်တူချစ်သူ လူငယ်စုံတွဲလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကရင်နီပြည်နယ်မှာ ကရင်နီဧည့်သည်ဆေးခန်းနာမည်နဲ့ ဒေသခံတွေ တော်လှန်ရေးရဲဘော်တွေကို ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေကြသူတွေပါ။ လက်ရှိ တော်လှန်ရေးကာလမှာ သူတို့ ဘယ်လို ပါဝင်ဖြတ်သန်းနေပါသလဲ။ လိင်စိတ်ကွဲပြားသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ အမြင်ကရော ပြောင်းလဲလာနေပြီလားဆိုတာနဲ့ ပတ်သက်လို့ ဒီတပတ်ရဲ့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။ Source link