RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ “တိုင်းရင်းသားလက်နက်ကိုင်များမပါသော မြေပြန်တိုက်ပွဲများအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲသည် အကြီးဆုံးလို့ ပြောရမှာပါ။ အရင်ကတိုက်ပွဲတွေလိုက်ဖူးတယ် ဒီလောက်ဘယ်ကြီးမလဲ ပစ်ပြေးတယ်၊ စခန်းသိမ်းနိုင်တယ်ဆိုလည်း သိမ်းပြီးပြန်ဆုတ်ရတယ်။ အခုဟာက လေကြောင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာ၊ ပြီးတော့ ရက်ကြာတယ်လို့လဲ ပြောရတယ်။ ပုလဲမြို့နယ်ထဲမှာတော့ အကြီးဆုံးတိုက်ပွဲပါ” ဟု ပုလဲမြို့နယ်ဒေသတွင်းမှ ပြည်သူတဦးက ပြောပြထားသည်။ ပုလဲမြို့သိမ်းတိုက်ပွဲ ၄ ရက်အတွင်း […]
ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ် ဓါတု တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်ရေး(လဝက)နှင့်အထွေထွေအုပ်ချုပ်ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မပေးကြောင်းနီးစပ်သူများထံကသိရသည်။ တရားရေး၊စားသုံးသူရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။ “သူတို့ကို ထွက်ခွင့်မပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကိုပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် တောလမ်းမှ ထွက်ပြေးတိမ်းရှောင်ရန်ကြိုးပမ်းခဲ့သော်လည်းတိုက်ပွဲပြင်းထန်မှုကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အထွေထွေအုပ်ချုပ်ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အထွေထွေအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သည့်ဒေသခံများကို မြို့မှထွက်ခွာခွင့်ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မပေးကြောင်း သတင်းရရှိသည်။ “ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူတွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျသေးဘူး။ မေ့မေ့ပျောက်ပျောက်လိုပုံစံလုပ်ပြနေတာ။ အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူးပြောလာတယ်”ဟုအမ်းမြို့သစ်ဒေသခံတဦးကမဇ္စျိမကိုပြောသည်။ လက်ရှိအမ်းမြို့ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် […]