(မိုးမခ) အောက်တိုဘာ ၂၆ ၊ ၂၀၂၄ စစ်အုပ်စုဖနောင့်ကို လိုက်နင်းနေတာ ရပ်တန့်လိုက်တာနဲ့ သူ့ရဲ့ ဆောင့်ကန်မှုဒဏ် တန်းခံရတာဘဲ။ ကျားကို သမင်က သနားမိတဲ့ အမှားမျိုးပေါ့။ တော်လှန်ရေးမှာ ကိုယ့်ကြွေးကြော်သံကို ပြန်သစ္စာဖောက်တာမျိုးဟာ ဘယ်ဘက်က ကြည့်လို့မှ သူရဲကောင်း မဖြစ်ပါဘူး။ သူရဲကောင်းမဖြစ်ကထဲက လေးစားယုံကြည်ခံရမှု မရတော့ဘူးလေ။ အဲဒီမှာ ရှေ့ဆက်ဖို့ အားချည့်နဲ့သွားသလို ဆက်လက်ရပ်တည်ဖို့ အားလည်း ပျက်သွားရတာပါဘဲ။ ကိုယ့်ရပ်တန့်တွေဝေမှုဟာ သူ့အလှည့်ဖြစ်သွားတာပေါ့။ ခုတော့ သူ့ဗုံးဒဏ် ကော့နေအောင် ခံရတာထက် ဆက်ခံနိုင်ရည်ရှိပါ့မလားတောင် ဖြစ်လာရတယ် မဟုတ်လား။ တကယ်က လေယာဉ်ကွင်းမရှိအောင် လုပ်ရမှာ။ လေယာဉ်ကွင်းရှိတဲ့နေရာတွေကို ဆက်သိမ်းပိုက်ခဲ့ရမှာ။ တရုတ် စကားကို နားထောင်လိုက်တဲ့ အချိန်ကာလဟာ တကယ်ဆို အရေးပါတဲ့နေရာတွေကို ထပ်သိမ်းဆည်းနိုင်လောက်တဲ့ အချိန်ကာလပါပဲ။ အချိန်ဆွဲတာဟာ ကိုယ့်ဘက်မှာ […]