မန္တလေးကမြို့တွေအပါအဝင် မြို့ ၉၀ လောက်လက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံ အကျိုးစီးပွားနဲ့ တရုတ်လူမျိုးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ သူက ပြောကြားလိုက်တာပါ။ NUG အနေနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ တရားဝင်အဆောက်အအုံတွေ အကျိုးစီးပွားတွေကို တိုက်ခိုက်မှာမဟုတ်ဘဲ အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်သွားဖို့ မူဝါဒတွေအရ အတိအလင်းပြောဆိုထားပြီးဖြစ်သလို မြေပြင်အခြေအနေမှာလည်း သက်သေပြလို့ရတယ်လို့ ဦးကျော်ဇောက ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့အကြား ပူးတွဲလုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ သဘောတူညီချက်တွေရှိထားတာဟာ တရုတ်နိုင်ငံအတွက် အကျိုးမရှိဘူးလို့ သူက ထောက်ပြဝေဖန်သွားပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပြင် စစ်လော်ဘီတွေရဲ့ လှုံ့ဆော်မှုတွေဟာ တရုတ်အကျိုးစီးပွားနဲ့ […]