ylliX - Online Advertising Network
စစ်ကောင်စီက တရုတ်အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ NUG ပြော  NUG က အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်လို့ပြော

စစ်ကောင်စီက တရုတ်အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ NUG ပြော NUG က အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်လို့ပြော





မန္တလေးကမြို့တွေအပါအဝင် မြို့ ၉၀ လောက်လက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံ အကျိုးစီးပွားနဲ့ တရုတ်လူမျိုးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ သူက ပြောကြားလိုက်တာပါ။

 

NUG အနေနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ တရားဝင်အဆောက်အအုံတွေ အကျိုးစီးပွားတွေကို တိုက်ခိုက်မှာမဟုတ်ဘဲ အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်သွားဖို့ မူဝါဒတွေအရ အတိအလင်းပြောဆိုထားပြီးဖြစ်သလို မြေပြင်အခြေအနေမှာလည်း သက်သေပြလို့ရတယ်လို့ ဦးကျော်ဇောက ပြောပါတယ်။

 

ဒါ့အပြင် တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့အကြား ပူးတွဲလုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ သဘောတူညီချက်တွေရှိထားတာဟာ တရုတ်နိုင်ငံအတွက် အကျိုးမရှိဘူးလို့ သူက ထောက်ပြဝေဖန်သွားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပြင် စစ်လော်ဘီတွေရဲ့ လှုံ့ဆော်မှုတွေဟာ တရုတ်အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိလ်က ပြောပါတယ်။

 

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတည်ငြိမ်မှုရရှိဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ လုံခြုံမှုကိုအာမခံချက်ပေးနိုင်ဖို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အဖြေတစ်ခုရရှိပြီး အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုဘက်က ရပ်တည်ပြီး ကူညီဆောင်ရွက်မှသာ တည်ငြိမ်အေးချမ်းမှုကိုရရှိပြီး ဒေသလုံခြုံရေးနဲ့ စီးပွားရေးတိုးတက်မှုကိုအထောက်အကူဖြစ်မယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုတိုးတက်အောင် ဆောင်ရွက်နေတယ်လို့ သူက ပြောသွားပါသေးတယ်။

 

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖိအားတွေ စိန်ခေါ်မှုတွေကြားကနေ စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ကြိုးစားတိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်လို့လည်း သတင်းစကားပါးပါတယ်။

 

စစ်ရာဇဝတ်မှုများစွာကျူးလွန်နေတဲ့ စစ်ကောင်စီကို ငွေကြေးစီးဆင်းမှု လက်နက်နဲ့ လေယာဉ်ဆီစီးဆင်းမှု ဖြတ်တောက်ခြင်းဟာ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့်အပြင် ဒေသတည်ငြိမ်မှုကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ တောင်းဆိုသွားပါတယ်။

 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၁၆၀ ကြိမ်လုပ်ခဲ့ပေမဲ့ ဒီနှစ် ၂၀၂၄၊ အောက်တိုဘာလကုန်အထိ နှစ်ဆကျော်ပမာဏဖြစ်တဲ့ ၂၆၄၈ ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ NUG ဆီကနေ သိရပါတယ်။

 

အခုလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ လေးထောင်နီးပါး သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – NUG

 

ပုံစာ – NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *