နိုင်ငံတကာအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းခံထားရသည့် စစ်ကောင်စီသည် ၎င်းနှင့် ပြေလည်သည့် ဆက်ဆံရေးရှိသော တရုတ်နှင့် ရုရှားနိုင်ငံများသို့ အလုပ်သမား စေလွှတ်နိုင်ရန် စီစဉ်နေသည်ဟု စုံစမ်းသိရှိရသည်။ ယခုနှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံသို့ ရှေ့ပြေးအစီစဉ်အဖြစ် အလုပ်သမားများ စတင်စေလွှတ်ခဲ့ပြီး ရုရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေးအတွက်လည်း စစ်ကောင်စီနှင့် နီးစပ်သည့် အေဂျင်စီ နှစ်ခုက ကြိုးပမ်းနေသည်၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်နေသည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရုရှားမှာလည်း အလုပ်ကောင်းတယ်ပြောတာရှိတော့ ကုမ္ပဏီတချို့ ကြိုးစားနေပေမယ့် သူတို့နဲ့(စစ်တပ်နဲ့) အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေပဲ ပိုများတယ်” ဟု ၎င်းက ပြောသည်။ “ရုရှားကိုက မိတ်ဖက်နိုင်ငံလို့သဘောထားတော့ ရုရှားကို များများပို့စေချင်တာပေါ့၊ သူတို့မိတ်ဖက်က ဒီနှစ်နိုင်ငံပဲ ရှိတာကိုး” စစ်တပ်အာဏာမသိမ်းမီ ရုရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းမရှိပေ။ ယခုနှစ်လယ်ပိုင်းတွင် […]