၂၈.၁၁. ၂၀၂၄Translated by Htwe Ko Tun တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဒုံပြည်နယ် တရားရုံးတစ်ရုံးက တရုတ်နိုင်ငံဘဏ်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Liu Liange ကို လာဘ်စားမှုနဲ့ ဥပဒေနဲ့မညီ ချေးငွေ ထုတ်ပေးမှုတို့နဲ့ နိုဝင်ဘာ ၂၆ ရက်က ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ စီရင်ချက်မှာ သေဒဏ်ကို နှစ်နှစ်ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။ ဒီလိုဆိုင်းငံ့ထားခြင်းက ဆိုင်းငံ့ကာလအတွင်း ဥပဒေနှင့်အညီ ကောင်းမွန်စွာနေထိုင်ရင် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ချပေးမှာဖြစ်ပါတယ်။ Liu Liange က ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေမှာ အလုပ် လုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ People’s Bank နဲ့ တရုတ် သွင်းသုန်ထုတ်ကုန်ဘဏ်တွေ မှာလုပ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံဘဏ် ဥက္ကဋ္ဌအဖြစ် […]